Thursday, July 2, 2009

တခါတလေတော့လဲ အချို့လူတွေအတွက် ရေစက်ဆိုတာ တစ်စက်မပြည့်တတ်ကြဘူး။ တစ်ခြမ်းပဲရှိတယ်နဲ့တူတယ်။

Monday, June 15, 2009

တစ်ခါတစ်လေမှာ
တစ်ချို့ကိစ္စတွေမှာ
အမှားတစ်ခုကို ကိုယ်က ကျူးလွန်မိတာဟာ ကိုယ်ကိုတိုင် သတိမထားမိလိုက်အောင်ကို မျက်စိတစ်မှိတ်စာ အရမ်းမြန်လွန်းတယ်
သို့ပေမယ့်
အဲ့အမှားကို ပြန်ပြင်ဖို့
ရလဒ်တွေကို လက်ခံနိုင်ဖို့
ထိခိုင်မိသမျှအတွက် ပြန်ပေးဆပ်ဖို့ ရာအတွက်ကျတော့
အချိန်ကို အတိုင်းအတာတစ်ခုထိပေးရတယ်
စိတ်ရှည်နိုင်ရမယ်၊ သည်းခံနိုင်ရမယ်။
တကယ်လို့ စောင့်စားဖို့စိတ်မထားနိုင်ရင်တော့
အဲ့အရာကို အပြီးတိုင်ဆုံးရှုံးသွားရလိမ့်မယ်

Saturday, June 13, 2009

ဘယ်လမ်းကိုရွေးရွေး မှား မှာပဲ...
ဘယ်လမ်းကိုရွေးရွေး မှန် မှာပဲ...
လမ်းအဆုံးဘယ်ကိုရောက်မယ်ဆိုတာက
ဘယ်ရှုထောင့်ကနေကြည့်သလဲဆိုတာပေါ်မှာသာမူတည်ပါတယ်
အချို့လူတွေက လောကမှာ ခံဖို့ချည်း (သို့) ပေးဆပ်ရဖို့ချည်း လူဖြစ်လာရသတဲ့

Friday, May 22, 2009

I am perfect

I don't have the EVERYTHING,
but still ...
I feel that I am all fulfilled =).
I don't always get the best in my life.
I even get bad and worst things sometimes.
yet
I feel I am just perfect =).
so,
I am gonna love everyone I meet and those around me,
and
Everyday, I will try my best to enjoy
Everything, I will try my best to see from the bright side
I will always be thankful for what I've got.
With all I have now and I will have in future,
I am contented =)
And this makes me feel
Just purely Happy.

Tuesday, March 10, 2009

နှုတ်ဆက်စာ

တစ်နေ့ကမှဘလော့ကို ၃ နာရီလောက်အချိန်ပေးလိုက်တယ်၊ Labels တွေလိုက်ထည့်ဖြစ်တာ။ ဒီနေ့တော့ စာရေးတာ ရပ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ထူးထူးခြားခြား အကြောင်းအရင်းတော့ မရှိပါဘူး၊ အိမ်ကို ၃ လလောက်ပြန်ဖြစ်မယ်။ မြန်မာပြည်မှာအင်တာနက် သိပ်မသုံးဖြစ်တော့ ဆက်ရေးဖြစ်မယ်မထင်ဘူး။ နောက်တစ်ခုက စာရေးချင်စိတ်မရှိတော့တာပါ၊ ၄ လ ၅ လလောက်ရှိဘီ ထင်တာပဲ သိပ်တော့မမှတ်မိဘူး စာသိပ်မရေးဖြစ်တော့တာ။ အဲ့ဒါ၊ မရေးဘူးဆိုလဲ အဆုံးထိရပ်ပြစ်လိုက်မလားလို့၊ ဒီတစ်ခါ အိမ်ပြန်ရတာတော့ မသေခြာမရေရာမှုတွေ အများကြီး၊ ပြန်လာရင်တော့ ရေးဖြစ်ရင်လဲ တတ်တတ်ကြွကြွပြန်စဖြစ်မယ်၊ ရပ်မယ်ဆိုလဲ ဒီဘလော့ဂ်ကို ဖြတ်ပြစ်လိုက်တော့မယ်၊ ၀မ်းတော့နည်းသလိုပဲ။ =) ဘာဖြစ်ဖြစ်ပါလေ။ နောက်ဆုံးတစ်ခုအနေနဲ့ စုထားတဲ့စာလေးတွေနဲ့ နှုတ်ဆက်ချင်ပါတယ်။ တစ်ခါထဲ အများကြီးရေးချလိုက်တော့ အရမ်းတော့ စုပုံသွားတယ်၊ အချိန်မရှိတော့လို့ပါ။ ဖြည်းဖြည်းမှ တင်မယ်လို့စိတ်ကူးထားတာလေးတွေ၊

Look for Happy reasons to be happy and you will find what you look for

You cannot go ahead by getting even

You are never beaten until you quit

The best time to quit is after you've succeeded

Success is more about persistence than talent

Everything that doesn't kill you makes you become stronger

You don't have to spend your life explaining yourself or justifying why you do something. If you like to do something and it is not hurting anybody else, that's perfectly okay.

If you have troubles and want to confide to a friend, Fine. But put a limit on it.

Everybody like to have their efforts recognized! So, give compliments. When you notice qualities in other people, they begin to notice them in you.

The key to friendship is concentrating on other people's qualities

Give yourself enough time

You don't find happiness in the absence of problems. You find it in spite of your problems

Life rewards effort, not excuses

Great opportunities and life-changing relationships mostly happen in the most unlikely situations. It's life's way of reminding us to give respect to everyone we meet, It's life's way ot reminding us to keep an open mind!

Forgive yourself, Forget your mistakes and Move on

It is not necessarily an easy life that makes you happy

အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကို မညှာပါနဲ့ မညာပါနဲ့

အကောင်းတွေပဲ ကြည့်ရင် အကောင်းတွေပဲမြင်မယ်၊ အကောင်းဘက်ကို ရှာရင် အကောင်းတွေပဲတွေ့မယ်။

တစ်ခါတည်း တစ်ပို့စ်ထဲမှာ တင်လိုက်တယ်၊ ဖတ်ရတာလဲ ၁၀ မိနစ်လောက်နဲ့ပြီးတယ်ဆိုပေမယ့် တကယ်က အချိန် နဲနဲပေးပြီး စဉ်းစားဖို့ ကောင်းတဲ့ စာကြောင်းတိုလေးတွေပါ၊ ၁ မိနစ်လောက်စာ စာတစ်ကြောင်းကို ၁၅ မိနစ်လောက် အချိန်ပေးပြီး သေခြာစဉ်းစားကြည့်မယ်ဆိုရင် နောက် နှစ် ၅၀ ၆၀ ရှိမဲ့ ဘ၀လမ်းကြောင်း တစ်မျိုးတစ်ဖုံပြောင်းသွားနိုင်ပါတယ်၊ ခေါင်းအေးအေးနဲ့ ဖတ်ကြည့်ပါ။

အောင်မြင် ပျော်ရွှင်သောဘ၀များ ပိုင်ဆိုင်နိုင်ကြပါစေ
အိဖြူ

Friday, March 6, 2009

မြန်မာနိုင်ငံ အကြောင်း တစေ့တစောင်း

ဘာရယ်မဟုတ် ဗဟုသုတအနေနဲ့ပေါ့။
ချစ်ဦးညိုရဲ့ ရှင်စောပုသမိုင်းဝတ္ထုကိုဖတ်ပြီး စိတ်ထဲ သမိုင်းကြောင်း ဖတ်ချင်စိတ်ပေါ်လာတာနဲ့ အိတို့နဲ့ အနီးစပ်ဆုံး သီပေါမင်းအကြောင်း လျှောက်ဖတ်ကြည့်ဖြစ်ပါတယ်။ ဟိုရှာဒီရှာ google လုပ်ရင် အမှတ်မထင် မြန်မာသမိုင်းကြောင်းကို အင်္ဂလိပ် ခရာဇ်နှစ်နဲ့တွဲပြထားတာကို ဖတ်မိလို့ စိတ်ဝင်စားမယ် သိသင့်ကြတယ်ထင်လို့ share ပေးလိုက်ပါတယ်။


ပြူခောတ် 100 BC ကနေ 840 AD
မွန်မင်းဆက်များ 9th–11th, 13th–16th, 18th
ပုဂံခောတ်(ပထမမြန်မာနိုင်ငံတော်) 849–1287
အင်းဝ 1364–1555
ပဲခူး 1287–1539, 1747–1757
မြောက်ဦး 1434–178 4
တောင်ငူခောတ်(ဒုတိယမြန်မာနိုင်ငံတော်) 1486–1752
ညောင်ရမ်းခောတ်(တောင်ငူခောတ်နောက်ပိုင်းခောတ်)1597-1752
ကုန်းဘောင်ခောတ်(တတိယမြန်မာနိုင်ငံတော်) 1752–1885

တစ်ချို့မင်းဆက်တွေက အပြိုင်အုပ်ချုပ်တဲ့အတွက် သက္ကရာဇ်တွေထပ်နေပါတယ်၊

မြန်မာနိုင်ငံမှာ လူသားတွေအခြေချနေထိုင်ခဲ့တာ နှစ်ပေါင်း တစ်သောင်းတစ်ထောင်ကျော်(၁၁၀၀၀) ရှိပြီလို့ဖတ်ဖူးပါတယ်၊ wiki ထဲမှာတော့ ပျူက ပထမဆုံး သမိုင်းတင်လို့ရတဲ့ civilization လို့ဆိုပါတယ်၊ ဒါပေမယ့် "ဗမာအစ တကောင်းက" ဆိုတာကိုလည်းကြားဖူးပါတယ်။ သမိုင်းမကျွမ်းကျင်တော့ အိလည်းမပြောတတ်ပါဘူး။ ညောင်ကန်အရပ်မှာ ကြေးခောတ်က အသုံးဆောင်တွေတူးဖော်လို့ရတယ်လို့ ကြားဖူးပါတယ်။

အောက်မှာ အဓိကခောတ်သုံးခောတ် (သို့) ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ နှင့် တတိယမြန်မာနိုင်ငံတို့ရဲ့ မင်းတွေ နဲ့ သကရာဇ်တွေကို list လုပ်ထားပါတယ်၊ အင်္ဂလိပ်လိုရေးထားတဲ့ web တွေကနေယူထားတာမို့ မင်းနာမည်တွေရဲ့ စာလုံးပေါင်းကို ဖတ်ဖူးတဲ့စာတွေထဲကနေ အတတ်နိုင်ဆုံးပေါင်းထားတာ၊ အဲ့ဒါကြောင့် အမှားတွေပါနိုင်ပါတယ်၊

ခောတ်သုံးခောတ်မှ မင်းများ-

ပုဂံခောတ်မင်းဆက်များ (ပထမမြန်မာနိုင်ငံတော်)

သံမူဒရာဇ် 107-152
ပျဉ်ပြားမင်း 846-878 (တံပ၀တီ မှ ပုဂံသို့ နေပြည်တော်ပြောင်း)
ရသေ့ကြောင်မင်း 152-167
ပျူစောထီး 167-242
အနော်ရထာ 1044-1077 (ပုဂံနေပြည်တော်အစ)
စောလူမင်း 1077-1084
ကျန်စစ်မင်း 1084-1112
အလောင်းစည်သူမင်း 1113-1165
မင်းမဲ့သုံးနှစ် 1165-1168
နရသူမင်း 1165
နရပတေ့စည်သူမင်း 1168-1210
နတောင်းများမင်း 1211-1231
နရသိင်္ခမင်း 1231-1235
ကျစွာမင်း 1235-1249
ဥစနာမင်း 1249-1254
မင်းရင် 1254
နရသီဟပတေ့မင်း(တရုတ်ပြေးမင်း) 1254-1287
ကျော်စွာမင်း 1287-1298
စောနစ်မင်း 1298-1325
စောမူနစ်မင်း 1325-1369

တောင်ငူမင်းဆက်များ (ဒုတိယမြန်မာနိုင်ငံတော်)

မင်းကျင်ညို 1486-1531
တပင်ရွှေထီး 1531-1550
ဘုရင့်နောင် 1551-1581
နန္ဒဘုရင်
အနောက်ဖလွန် 1605-1628
သာလွန်မင်း 1629-1648

ကုန်ဘောင်မင်းဆက်များ (တတိယမြန်မာနိုင်ငံတော်)

အလောင်းဘုရား 1752-1760
နောင်တော်ကြီး 1760-1763
ဆင်ဖြူရှင်မင်း 1763- 1776
ဆင့်ကူးမင်း 1776-1781
ဖောင်းကစားမောင်မောင် 1781
ဘိုးတော်ဘုရား 1781-1819
ဘကြီးတော် 1819-1837
သာယာဝတီမင်း 1837-1846
ပုဂံမင်း 1846-1853
မင်းတုန်းမင်း 1853-1878
သီပေါမင်း 1878-1885

P.S. သမိုင်းကြောင်းကို လုံးဝမကျွမ်းကျင်ပါဘူး၊ စိတ်ဝင်စားလို့သာ ဗဟုသုတအနေနဲ့ ရေးဖြစ်တာပါ။ ဒါကြောင့် အမှားအများကြီးကိုပါနိုင်ပါတယ်။